skip to main
|
skip to sidebar
မြူနှင်းလေး
မြန်မာ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း.....။
ရိုးသားဖြူစင် ဒို့ဖခင်
စွမ်းအား သတ္တိအပြည့်ရှိ
ရဲရဲရင်ဆိုင် သူ့အားမာန်
စိတ်ထားမွန်မြတ် သူ့ဂုဏ်ရပ်
လူသူအများ အလေးထား
သူ့ရဲ့စိတ်သဘောထား…။
၁၉၄၇ လူတိုင်းမမေ့ဖို့လို
သူပေးခဲ့တဲ့ အသက်၊ သွေး၊ ချွေး
ပြည်သူ့အတွက်ပဲလေ…။
တော်လှန်တိုက်ထုတ် ဂျပန်စုတ
်ပြည်မြန်မာကြီး လွတ်မြောက်ဖို့
ခွန်အားစိုက်၍ တိုက်ထုတ်ရန်
ပြည်သူတို့ တာဝန်ပါ
ရဲရဲတောက် ရင်ဆိုင်ထား
ပြည်သူတို့ရဲ့ အား…။
အမျှင်လေးများထားခဲ့ပေးကြပါနော်...။
ဆက်သွယ်လိုတယ်ဆိုရင်တော့........။
ပါရှင်.....။
သိကောင်းစရာ ဆောင်ပုဒ်လေးများ
ကျမဒိုင်ယာရီထဲမှာရေးမှတ်ထားသောဆောင်ပုဒ်လေးများကို သူငယ်ချင်းတို့ကို မျှဝေစေချင်ပါတယ်....။
အတိတ်ဆိုတာကျန်ခဲ့တဲ့အိမ်မက်အနာဂါတ်ဟာမပိုင်သေးတဲ့မျှော်လင့်ချက်လက်ရှိအချိန်ဟာမိမိအတွက်....။
ကြည့်တာချင်း တူပေမယ့်မြင်တာချင်း မတူဘူး.....။
စွန့်လွတ်အနစ်နာခံခြင်းဆိုတာ...တခါတရံကျတော့ အောင်မြင်မှုခြေလှမ်းကိုရိုက်ချိုးသလိုဖြစ်တတ်တယ်.........။
လှပတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့အတွက်အရုပ်ဆိုးတဲ့ ပိုးတုံးလုံးဘ၀ကိုဖြတ်သန်းနိုင်ရမယ်..........။
မျှော်လင့်ချက်ဆိုတာနံနက်ခင်းတစ်ခုရဲ့ အရုဏ်ဦး...ယုံကြည်ချက်ဆိုတာအနာဂါတ်ရဲ့အလင်းရောင်...ခံယူချက်ဆိုတာပစ္စုပ္ပန်ရဲ့တွန်းအားပေးမှု..........။
အနေဝေးတာ တွေ့ဖို့မျှော်လင့်နိုင်တယ်....အမြင်ချင်းဝေပြီဆိုရင်တော့တွေ့ဖို့မျှော်လင့်ချက် ကင်းပြီးပေါ့.....။
တစ်တော့ တစ်ပါပဲ ဒါပေမဲ့....အနုတ်တစ် မဖြစ်ပါစေနဲ့.....အပေါင်းတစ်ဖြစ်မှ.....။
ခြိမ်းသောမိုးမရွာ ရွာသောမိုးမခြိမ်းတဲ့....အရိပ်အယောင်ထက် အကောင်အထည်ကသာ အဓိက.....။
ကလဲ့စားချေမှ ကျေအေးသွားတာ မဟုတ်ဘူး...ခွင့်လွတ်ခြင်းနဲ့လည်း ကျေအေးလို့ရပါတယ်.....။
Subscribe
RSS Feed (xml)
Powered By
Skin Design:
Free Blogger Skins
အချစ်မရှိတဲ့ နှလုံးသား ခံစားချက်မဲ့ချင်မဲ့နေ အချစ်မရှိတဲ့ ဒီလူသားဟာ ကျောက်ရုပ်တုတစ်ခုအလား...အနှစ်သာရမဲ့နေလေပေါ့....။
Tuesday, February 19, 2008
> ကရင့် လူထုခေါင်းဆောင် ဆရာကြီး ဖဒိုမန်းရှာ
Newer Post
Older Post
Home
ကျွန်မရဲ့အကြောင်း တစေ့တစောင်း
KHIN THU MYINT
ကျမကတော့ ငယ်စဉ်ကတည်းက အိမ်ကိုဆုတ်ခွာပြီး ထိုင်နိုင်ငံ ဒုက္ခသည်စခန်းမှာ ပညာလာရှာရင်း ဒုက္ခသည်မှာပဲ ကြီးပြင်း လာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျမ၏ မိသားစုဝင်များက တော့ မြန်မာပြည်မှာပဲ ရှိပါတယ်။
View my complete profile
မိတ်ဆွေးလေးများ