Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

အချစ်မရှိတဲ့ နှလုံးသား ခံစားချက်မဲ့ချင်မဲ့နေ အချစ်မရှိတဲ့ ဒီလူသားဟာ ကျောက်ရုပ်တုတစ်ခုအလား...အနှစ်သာရမဲ့နေလေပေါ့....။

Monday, February 18, 2008

> စည်းကမ်း နှင့် ထင်းစည်း

“၀ုတ်….၀ုတ်….၀ုတ်”
ည (၁၂) နာရီထိုးသည့်၌ သာအေးအိမ်မှခွေးမကြီးဟာ တ၀ုတ်ဝုတ်နှင့်အသံကျယ်လောက်စွာ အော်နေလေသည်။ ထိုအခါ နောက်ထပ်အသံတစ်သံထွက်ပေါ်လာ၏။
“ဟေ့…ငါဟောင်တာဘယ်သူ့ခွေးလေးကွ”
ထိုအခါနောက်တစ်ယောက်…
“ဆရာ စကားပြန်တာ ပြောနေပြီး”
“ဘာကွ”
“ဟေး…ဟေး…ပြောတာပြန်နေပြီ ဆရာ”
“အေး ဟုတ်သားပဲ ငါပြောတာကိုက ပြောင်းပြန်ကြီးဖြစ်နေပြီး”
“ပြန်အော်လိုက်မယ်ကွ” “ဟေ့…ငါကိုဟောင်တာဘယ်သူ့ ခွေးလေးကွ ညအချိန်မတော်ကြီး တ၀ူးဝူးနှင့်”
“ဆရာ…ဆရာလည်း ညအချိန်တော်ကြီးလေ”
“အေး…အေး ဟုတ်တယ်ကွ လာလာ မြန်မြန်လစ်မယ်”

နောက်တစ်နေ့တွင် စိန်သန်းသည်ရပ်ကွက်ထဲလှည့်၍ လော်စပီတကာ တစ်ခုနှင့်အော်နေ၏..။
“ကျေးရွာ သူ၊သားများ သိရှိစေရန် အသိပေးကြော်ငြာလိုက်သည်။ ယနေ့ နေ့လည် (၁၂) နာရီ တိတိအချိန်တွင် ဥက္ကဌ ဦးရွှေသန်းအိမ်၌ အစည်းအဝေးပြုလုပ်မည် ဖြစ်ပါသောကြောင့် တစ်အိမ်တစ်ယောက်ကျ မပျက်မကွက် တက်ရောက်ကြပါရန် အသိပေး ကြော်ငြာအပ်ပါသည်။ (ပုံ-ဥက္ကဌ)”


နေ့လည် (၁၂) နာရီထိုးသောအခါ၌ ရပ်ကွက်ရှိလူများ ဦးရွှေသန်းအိမ်သို့ရောက်ရှိလာကြလေသည်။ ထိုအခါ ဥက္ကဌက---။----
“ဒီကနေ့ ရပ်ကွက်လူထုကို စည်းဝေးဖိတ်ခေါ်ရတဲ့အကြောင်းကတော့…ဟော့ စိန်သိန်း ဖတ်ပြလိုက်စမ်းကွ”
“ဟုတ် ဆာ” “အဟမ်း…အဟမ်း” “ဒီနေ့ ရပ်ကွက်လူထုကို အစည်းအဝေး ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းကတော့ လတ်တလောအခြေအနေပေါ် မူတည်ပြီးတော့ ထုတ်ပြန်လိုက်ရတဲ့ စည်းကမ်းချက်တွေကို အသိပေးချင်တဲ့ အတွက်ကြောင့် ယခုလိုဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်၊ အားလုံးနားထောင်ပေးကြပါ”
“အဟမ်း…အဟမ်း….
နံပါတ် (၁) ရပ်ကွက်ထဲတွင် ဆူပူသောင်းကျန်းမူမပြုလုပ်ရ။
နံပါတ် (၂) ည (၇) နာရီကျော်လျှင် လမ်းမထွက်ရ။
နံပါတ် (၃) မိမိအိမ်သို့ ဧည့်သည်များရောက်ရှိလာပါက ချက်ချင်း လာရောက်အကြောင်းကြားရမည်။
နံပါတ် (၄) ရပ်ကွက်ထဲတွင် အရက် သေစာသောက်စားခြင်း လုံးဝခွင့်မပြု။
နံပါတ် (၅) မိမိအိမ်တွင် မွေးမြူထားသောခွေးများကို စည်းကမ်းတကျ မွေးမြူထားကြရန်။
နံပါတ် (၆) ရပ်ကွက်လုံခြုံရေး တာဝန်သည် ရပ်ကွက်သားတိုင်းတွင် တာဝန်ရှိသည်။
အထက်ဖော်ပြပါ စည်းကမ်းချက်များအား မလိုက်နာပါက ထိရောက်စွာ အရေးယူခြင်းခံရမည်။ (ပုံ..ဥက္ကဌ)”

ထိုစဉ် သာအေးက-----
“ဥက္ကဌ ”စည်း ကမ်း” ဆိုဒါ ဘာလဲ…”
ဥက္ကဌ က----
“ဟေ့ကောင် မင်း ဒါတောင်မသိဘူးလားကွ..၊ မှတ်ထား စည်းကမ်းဆိုတာလေ စလုံးရေးလုံးကြီးတင်ဆံခတ်စည်းရှေ့ကနှစ်လုံးပေါက်စည်း..၊ ကကြီးရေးမသတ်ကမ်းရှေ့ကနှစ်လုံးကမ်း “စည်း ကမ်း” ပေါ့ကွ”
လူထုများက တသောသောထ၍ ရယ်ကြလေ၏..။
ထိုအခါ သာအေးက ထင်းစည်းလေးကို လက်နှင့်ကိုင်မြောက်ပြီးတော့---
“ဥက္ကဌ စည်း ဆိုဒါဒီမှာကြည့်”
သာအေးက သူ့ဘေးနားကရပ်ကွက်သား တစ်ယောက်ကိုခေါ်ပြီး ထင်းစည်းလေးကို ဥက္ကဌ အားလှမ်းပေးခိုင်လိုက်၏..။
“ဥက္ကဌ ကမ်းဆိုတာ အဲဒါကိုပြောတာ”
“စည်းကမ်း ဆိုတာ အဲဒါပဲ ဥက္ကဌ”

မြူနှင်းလေး.....။