Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

အချစ်မရှိတဲ့ နှလုံးသား ခံစားချက်မဲ့ချင်မဲ့နေ အချစ်မရှိတဲ့ ဒီလူသားဟာ ကျောက်ရုပ်တုတစ်ခုအလား...အနှစ်သာရမဲ့နေလေပေါ့....။

Monday, February 18, 2008

> ဒို့ဖခင်

လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားသော ကဗျာလေးတစ်ပုဒ်ပါရှင့်.....။ အားလုံးကို မျှဝေခံစားစေချင်လို့ပါ...။


ရိုးသားဖြူစင် ဒို့ဖခင်
စွမ်းအား သတ္တိအပြည့်ရှိ
ရဲရဲရင်ဆိုင် သူ့အားမာန်
စိတ်ထားမွန်မြတ် သူ့ဂုဏ်ရပ်
လူသူအများ အလေးထား
သူ့ရဲ့စိတ်သဘောထား…။

၁၉၄၇ လူတိုင်းမမေ့ဖို့လို
သူပေးခဲ့တဲ့ အသက်၊ သွေး၊ ချွေး
ပြည်သူ့အတွက်ပဲလေ…။

တော်လှန်တိုက်ထုတ် ဂျပန်စုတ်
ပြည်မြန်မာကြီး လွတ်မြောက်ဖို့
ခွန်အားစိုက်၍ တိုက်ထုတ်ရန်
ပြည်သူတို့ တာဝန်ပါ
ရဲရဲတောက် ရင်ဆိုင်ထား
ပြည်သူတို့ရဲ့ အား…။



မြူနှင်းလေး......။